အငယ်အနှောင်းထံ အပြာကားများပို့ပေးရာမှ မယားကြီးက သိရှိသွားပြီး လိင်တံကို အဖြတ်ခံလိုက်ရသည့် အမျိုးသား
အဆင်မပြေရင် Back တစ်ချက်နှိပ်ပြီး ပြန်ဝင်ကြည့်ပါ။
တရုပ်ပြည်မှ
အမျိုးသမီးတစ်ဦးသည် သူမ၏ခင်ပွန်း အငယ်အနှောင်းနှင့် ဖောက်ပြန်နေသည်ကို
သိရှိခဲ့ရပြီးနောက် ယောက်ျားအိပ်နေစဉ် သူ၏ ငယ်ပါကို ဖြတ်ပစ်ခဲ့သည်။
ယောက်ျားဖြစ်သူက ထိန့်လန့်စွာဖြင့် သူ၏လိင်တံပြန်ချုပ်ရန် ဆေးရုံသို့
ဒရောသောပါး ပြေးခဲ့သည်။
သို့သော်
အငြိုးကြီးတဲ့ မိန်းမက နောက်မှလိုက်ကာ ဆေးရုံအခန်းထဲသို့ ခိုးဝင်၍
ချုပ်ထားပြီးသော ယောက်ျား၏ ငယ်ပါ ချုပ်ရိုးများကို ပြန်ဖြုတ်ယူကာ
လွှင့်ပစ်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ
တရုပ်ပြည်
ဟန်နန်ဒေသ ရှန်ကျုမြို့မှ အသက် ၃၂ နှစ်အရွယ် ဖန်လောင်း ဆိုသူအမျိုးသားက
တစ်ရက်တွင် ဇနီးသည်၏ ဖုန်းကို အသုံးပြု၍ သူ၏ အငယ်အနှောင်းဖြစ်သူ အသက် ၂၁
နှစ်အရွယ် ဇန်ဟောင်ထံသို့ အပြာဆန်သော ညစ်ညမ်း မက်ဆေ့များ ပေးပို့ခဲ့သည်။
ထို့နောက် သူ၏ အကောင့်ကို ပြန်ထွက်ရန်မေ့ပြီး ထားခဲ့မိရာက မိန်းမဖြစ်သူ
သိရှိသွားခဲ့ခြင်းဖြစ်သည်။
သူတို့
လင်မယားတွင် သားသမီး ၅ ဦးရှိပြီး ယောက်ျားဖြစ်သူ၏ ဖောက်ပြန်မှုကို
လက်စားချေရန် ယောက်ျားဘဝ ထာဝရဆုံးရှုံးရမည်ဟု အညိုးထားခဲ့ပြီးနောက် ငယ်ပါကို
ဖြတ်ခဲ့ခြင်းဖြစ်သည်။ ငယ်ပါ ဖြတ်ခံရပြီးနောက် ယောက်ျားဖြစ်သူက
နီးစပ်ရာဆေးရုံသို့ အမြန်သွားရောက်ကာ ငယ်ပါကို ပြန်ဆက်ခဲ့သည်။
ဆေးရုံပေါ်တွင် ပြန်လည်ကျန်းမာရန် အနားယူနေစဉ် တစ်ည၌ သန်းခေါင်းယံအချိန်တွင်
မိန်းမဖြစ်သူက ဆေးရုံအခန်းတွင်းသို့ ခိုးဝင်ကာ ချုပ်ထားသည့် ငယ်ပါကို
ထပ်ဖြတ်ပြီး ပြတင်းပေါက်မှ လွှင့်ပစ်ခဲ့သည်။
ဤတွင်
ယောက်ျားဖြစ်သူ ဒေါသအိုး ပေါက်ကွဲကာ ခန္ဓာကိုယ် အောက်ပိုင်းဗလာ၊
သွေးအလိမ်းလိမ်းနှင့် ဆေးရုံပြင်ပအထိ မိန်းမနောက်သို့ လိုက်လံ
ရိုက်နှက်ခဲ့ရာ ဆေးရုံဝန်ထမ်းများက ဝိုင်းဝန်းဖြန်ဖြေခဲ့ကြရသည်။
နောက်ဆုံးတွင်
မိန်းမဖြစ်သူအား ကိုယ်ခန္ဓာအား အပြင်းအထန်နာကျင်ဒဏ်ရာရအောင်
ပြုလုပ်ခဲ့မှုနှင့် ရဲက ဖမ်းဆီးခဲ့သည်။ ယောက်ျားဖြစ်သူကို
အရေးပ်ါအထူးကုသမှုတွေ ပြုလုပ်ခဲ့ရပေမယ့် မိန်းမဖြစ်သူ လွှင့်ပစ်လိုက်သော သူ၏
ယောက်ျားဘဝကို တာဝန်ရှိသူများက ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြသော်လည်း လုံဝ
ပြန်လည်ရှာဖွေ မတွေ့တော့သည့်အတွက် စိတ်ဓါတ်အကြီးအကျယ် ကျဆင်းခဲ့ကြောင်း
သိရှိရသည်။
Source: now8news.com
No comments