ဦးလူမင်းနဲ့ အိပ်ယာပေါ်က ချစ်တင်းနှောခန်းတွေရိုက်ကူးခဲ့ရတာပင်ပန်းလှတယ်ဆိုတဲ့ လှယဉ်ကျေး
အဆင်မပြေရင် Back တစ်ချက်နှိပ်ပြီး ပြန်ဝင်ကြည့်ပါ။

မောင့်အိမ်သူ ဇတ်ကားထဲမှာ အပျော်မယ် မာလာဝေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ လှယဉ်ကျေး က ဒီဇတ်ကား ရိုက်ကွင်းမှာ ဦးလူမင်းနဲ့ အိပ်ယာပေါ်က ချစ်တင်းနှောခန်းတွေရိုက်ကူးခဲ့ရတာနဲ့ပတ်သက်ပြီးရှုတင် တစ်ခန်းပြီးတဲ့အခါတိုင်း အိမ်ပဲပြန်ချင်နေခဲ့ကြောင်းသူရဲ့စိတ်လှုပ်ရှားမှုကိုပြောကြားခဲ့ပါတယ်။စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ ဒါရိုက်တာ စိတ်တိုင်းကျအောင်သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ပရိသတ်က ဝေဖန်ရင်လည်းခံရမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။
သူများယောက်ျားကို
ချူပိုင်းတဲ့ မိန်းမ နေရာက သရုပ်ဆောင်ရတော့ ပရိသတ်တွေများ
မုန်းကြမလားပေါ့။ ပြီးတော့ ခုတင်ပေါ်မှာ အိပ်တဲ့ အခန်းတွေလည်းရိုက်ရတော့
တစ်ခန်းရိုက်မယ်ဆိုတိုင်း စိတ်ကကြောက်လာတယ်။
မရိုက်ခင် ဇတ်ညွှန်ဖတ်စဉ်က အဆင်ပြေလိမ့်မယ်လို့  ထင်ထားခဲ့ပေမယ့်
တကယ်အိပ်ယာပေါ်မှာ ဦးလူမင်းကို ဆွဲဆောင်ရတဲ့အခန်းရိုက်တော့
ထင်ထားတာနဲ့တခြားစီဖြစ်ခဲ့ကြောင်း အဲဒီအခန်းတွေ အခုပြန်ကြည့် တော့ တော်တော်ရှက်မိတယ်လို့ ပြောပါတယ်။
ပရိသတ်များအနေနဲ့ သူမကို အနုပညာသဘောအနေနဲ့ နားလည်ပေးစေချင်ကြောင်း ပြောပါတယ်။
အောက်မှာ ဗွီဒီယိုကြည့်ရန်
No comments